Placement Test ဝင်ရောက်ဖြေဆိုရာတွင် သိရှိလိုက်နာရမည့်အချက်များ
-
ကျောင်းသားများသည် တတ်ရောက်လိုသော Grade အတိုင်း Placement Test (Level)
ကိုမှန်ကန်စွာရွေးခြယ်ဖြေဆိုရပါမည်။ အတန်းရွေးချယ်မှုသည် မိမိ၏
အဆုံးအဖြတ်သာဖြစ်ပါသောကြောင့် အငြင်းပွားဖွယ် တစုံတရာ ဖြစ်ပေါ်လာပါက T
& H Maths Centre ၏ အဆုံးအဖြတ်ကို လိုက်နာရမည်ဖြစ်ပါသည်။
-
ကျောင်းသားများသည် Placement test ဖြေဆိုပြီးရရှိသော ရမှတ်အရ
ကိုက်ညီသောအတန်းကို တက်ရောက်ရမည်ဖြစ်သောကြောင့် မည်သူ့အကူအညီမျှမပါဘဲ
ကျောင်းသား၏ပင်ကိုယ်အရည်အချင်း ဖြင့်သာဖြေဆိုရပါမည်။
(မိဘများကူညီဖြေဆိုခြင်းမပြုရန် သတိပေးတားမြစ်ပါသည်။)
- Placement
Test ဖြေဆိုရာတွင် စာမေးပွဲစည်းကမ်းအတိုင်းဖြေဆိုရန်လိုအပ်ပါသည်။ Mobile
Phone Application ဖြင့်ဖြေဆိုပါက ဖုန်း အဝင်/အထွက်
ခေါ်ဆိုခြင်း/ဖြေဆိုခြင်း နှင့် အခြားသော Application
များကိုအသုံးပြုခြင်းကို တားမြစ်ထားပါသည်။
- Placement Test
ဖြေဆိုရာတွင် ဖြေဆိုခဲ့ပြီးသော ပုစ္ဆာများကို Next နှိပ်ပြီးပါက
ပြန်လည်ပြင်ဆင်ခွင့် မရှိသည့်အတွက်
သေချာစွာအဖြေမှန်ကိုရွေးချယ်ပေးရန်လိုအပ်ပါသည်။
- Placement Test
ဖြေဆိုရန် ကြာချိန် Placement Test + IQ Test (၂ နာရီ)
ခွင့်ပြုထားသောကြောင့်စတင်ဖြေဆိုသည့်အချိန်မှ (၂ နာရီ) အတွင်း Test
ပြီးဆုံးအောင်ဖြေဆိုရပါမည်။ (၂ နာရီ) ထက်ကျော်လွန်သွားပါက System မှ
အလိုအလျှောက် ပိတ်သွားပါမည်။ ဖြေဆိုထားသော ရမှတ်များ ပျက်ပြယ်ခြင်းမရှိပါ။ (Grade Level တစ်ခုကို တစ်ကြိမ်ထက်ပိုမိုဖြေဆိုပါက
ပထမဆုံးဖြေဆိုထားသော
ရမှတ်ကိုသာ အတည်ပြုမည်ဖြစ်ပါသည်။) Internet Connection Error
တစ်ခုခုကြောင့် Test ဖြေဆိုမှုရပ်တန့်သွားပါက ပြန်လည်ဖြေဆိုရန်အတွက် T
& H Maths Centre ကိုအကြောင်းကြားရန်လိုအပ်ပါသည်။