T & H Maths Centre မှ ကျောင်းသားမိဘများ သိရှိလိုက်နာရန် လိုအပ်သော အချက်များ

(Online Class)

 

၁။    သင်ရိုးညွှန်းတမ်း

(က)    Online Class များတွင် သင်ကြားနေသော သင်ခန်းစာများ၊ Video များနှင့်လေ့ကျင့်ရေးစာအုပ်များသည် T & H Maths Centre မှရေးဆွဲထားသော ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းမှ ထုတ်နှုတ်ထားခြင်းဖြစ်သည်။

(ခ)    သင်ခန်းစာ Video ၊ မေးခွန်းများ နှင့် လေ့ကျင့်ရေး စာအုပ်များကို တဆင့်ပြန်လည်ကူးယူခြင်း၊ ဝေမျှခြင်း၊ ရောင်းချခြင်း နှင့် ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးပြုခြင်းအား ခွင့်မပြုပါ။ T & H Maths Centre ၏ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပြသထားသော Video များ၊ ကျောင်းတွင်းထုတ်ပြန်ထားသောစည်းကမ်းချက်များကို  မိမိကိုယ်ပိုင် Facebook Account ၊ Page နှင့် အခြား Social Media များတွင် တင်ခြင်းကို အထူးတားမြစ်ပါသည်။ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ကို သိရှိပါသည်။

(ဂ)    မိဘများမှ သက်ဆိုင်ရာကျောင်းများ၏ သင်ရိုးညွှန်းတမ်းများသော်လည်းကောင်း၊ T & H Maths Centre သင်ရိုးမှ Topic များကိုရွေးချယ်၍ သင်စေခြင်းသော်လည်းကောင်း မည်သည့်အခြေအနေတွင်မှ သင်ကြားပေးမည် မဟုတ်ပါ။

 

၂။    ပိတ်ရက်များ  

(က)    T & H Maths Centre သည် အပတ်စဉ် တနင်္လာနေ့ နှင့် အများပြည်သူရုံးပိတ်ရက်များ ကို ရုံးခန်း နှင့် သင်တန်းကျောင်း ပိတ်ရက်အဖြစ် ထားရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။

(ခ)    International Maths Olympiad Exam များကို လက်ခံကျင်းပပေးနေသော အဖွဲ့အစည်း ဖြစ်သည့်အလျောက် T & H Maths Centre တွင် တက်ရောက်နေသည့် ကျောင်းသားများအနေဖြင့် Olympiad Exam များ ဝင်ရောက်ဖြေဆိုရာတွင် အဆင်ပြေစေရန် Olympiad Exam ဖြေဆိုကျင်းပသည့်ရက်များကိုလည်း ပိတ်လေ့ရှိပါသည်။

(ဂ)    နှစ်စဉ် အောက်တိုဘာလ နှင့် ဒီဇင်ဘာလ များတွင် (Term Break) အဖြစ် ကျောင်းပိတ်မည် ဖြစ်ပြီး အဆိုပါ ပိတ်ရက်များအတွက် သင်တန်းချိန် ပြန်လည်အစားထိုးပေးမည် မဟုတ်ပါ။

(ဃ)    သင်တန်းကျောင်း ပိတ်ရက်များကို School Management System Application (SMS App) ၏ Holidays တွင် ထည့်သွင်းဖော်ပြပေးထားသည့်အပြင် ရက်အတိအကျ မသိရသော ပိတ်ရက်များအတွက် (e.g-Term Break၊ ဒီပါဝလီနေ့၊ Exam Day) စသည့် ပိတ်ရက်များကို School Management System Application (SMS App) တွင် Notification ပေးပို့ အကြောင်းကြားသွားမည် ဖြစ်ပါသည်။

(င)    သင်တန်းကျောင်းပိတ်ရက်များကို T & H Maths Centre ၏ Facebook စာမျက်နှာတွင်လည်း ကြေငြာပေးမည့်အပြင် ထပ်မံလိုအပ်ပါက Admission Department ထံတွင် တောင်းယူနိုင်ပါသည်။

 

၃။    သတင်းအချက်အလက် ကဏ္ဍ

(က)    T & H Maths Centre နှင့် ပတ်သက်သော သတင်းအချက်အလက်များကို T & H Maths Centre ၏ Facebook စာမျက်နှာတွင် ကြေညာမည့်အပြင် info @ T & H Private Group တွင်လည်း ဝေမျှသွားမည်ဖြစ်ပါသဖြင့် မိဘများအနေဖြင့် သင်တန်းအပ်ပြီးပါက info @ T & H Private Group ကို လည်း Join ထားနိုင်ပါသည်။

(ခ)    ယေဘူယျ သတင်းအချက်အလက်များအတွက် မိဘများထံဖုန်းဖြင့် သီးသန့်ဆက်သွယ်ပေးမည် မဟုတ်ပါ။

(ဂ)    မိဘများမှ မေးမြန်းလိုသည့်အကြောင်းကိစ္စများ ရှိလာပါက T & H Maths Centre Facebook Page ၏ Chat box ၊ General information Phone Number (09-788814002)နှင့် ၊ Viber Number (09-766060558) သို့  ဆက်သွယ်မေးမြန်းနိုင်ပါသည်။  

(ဃ)    မိဘများအနေဖြင့် T & H Maths Centre ၏ School Management System Application (SMS App)  မှတစ်ဆင့် ပေးပို့ထားသော ပိတ်ရက်များ ၊ အကြောင်းကြားစာများကို အလေးအနက်ထားပြီး သိရှိလိုက်နာပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးရပါမည်။

(င)    သီးသန့်ဆွေးနွေးရန်လိုအပ်သည့် ကိစ္စရပ်များအတွက် မိဘများထံ ဆက်သွယ်ရာတွင် ကျောင်းသား၏ကိုယ်ရေးအချက်အလက်၌ ဖြည့်သွင်းထားသော ဖုန်းနံပါတ်များသို့သာ ဆက်သွယ်သွားမည် ဖြစ်ပါသောကြောင့် စာရင်းပေးသွင်းချိန်တွင် တိုက်ရိုက်အုပ်ထိန်းသူ၏ ဖုန်းနံပါတ်ကိုသာ ထည့်သွင်းပေးရပါမည်။  

(စ)    အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်၍ မရသော ဖုန်းနံပါတ်များ ဖြစ်နေပါက T & H Maths Centre မှ တာဝန်ယူမည် မဟုတ်ပါ။

 

၄။    အတန်း နှင့် သင်တန်းချိန်  

(က)    မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ Placement Test ဖြေဆိုမှုရမှတ်အပေါ် မူတည်ပြီး ကျောင်း Grade နှင့် အဆင်ပြေသော အတန်းကို ရွေးချယ်ပေးရမည် ဖြစ်ပါသည်။ (စာသင်ကြားချိန် ၂ ပတ်အတွင်း ဆရာ၊ ဆရာမများထံမှ ကျောင်းသားများသည် မိဘများရွေးချယ်ထားသော အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း အသိပေးချက်ရရှိလာမည်ဆိုပါက T & H Maths Centre ၏ စီစဉ်ပေးမှုအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။)

(ခ)    မိဘများအနေဖြင့် ကျောင်းသားများအတွက် တက်ရောက်လိုသော အတန်းကို မှားယွင်းပြီး ရွေးချယ်မိပါက သင်ခန်းစာလေ့လာခြင်း နှင့် Worksheet များ ပေးပို့ခြင်းတို့တွင် အခက်အခဲ ရှိနိုင်သောကြောင့် မှန်ကန်စွာ ရွေးချယ်ပေးရန် လိုအပ်ပါသည်။

(ဂ)    မိဘများအနေဖြင့် ကျောင်းသားများအတွက် အတည်ပြုရွေးချယ်ထားသည့် အတန်းအမျိုးအစား (Class Type)၊  အတန်း (Grade) နှင့် အချိန် (Session) အတိုင်းသာ တက်ရောက်ရမည် ဖြစ်ပါသည်။ (ပြန်လည်ပြောင်းရွှေ့ပေးရန် အခက်အခဲရှိသောကြောင့် လုံး၀ လုံး၀ ပြောင်းရွှေ့ပေးမည် မဟုတ်ပါ။) 

(ဃ)    စာပိုဒ် ၄ (ဂ) အရ ပြန်လည်ပြောင်းရွှေ့ပေးရန် အခက်အခဲရှိသော်လည်း သင်တန်းတက်ရောက်နေသည့် ကာလအတွင်း ကျောင်းသားများသည် လက်ရှိတက်ရောက်နေသော အချိန် (Session) အတိုင်းဆက်လက် တက်ရောက်ရန် ခက်ခဲနေကြောင်း တောင်းဆိုလာသည့်အခါ မိဘများ၏ လိုအပ်ချက်အရ (၁) ကြိမ်သာပြောင်းလဲခွင့်ပြုပါမည်။ ထိုသို့ပြောင်းလဲရာတွင် ကျောင်းဘက်မှ ဖွင့်လှစ်ထားသော အတန်းချိန်အလွတ်ရှိမှသာ ပြောင်းလဲပေးမည်ဖြစ်ပြီး အချိန် (Session) အပြောင်းအလဲ ပြုလုပ်ခ (၃၀,၀၀၀ိ/- ကျပ်) ထပ်မံ ပေးသွင်း၍ ပြောင်းလဲရမည် ဖြစ်ပါသည်။ မိဘများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အခြားသော Student Profile Data အပြောင်းအလဲပြုလုပ်မည်ဆိုပါက  (၁၀,၀၀၀ ) ကျပ်ကို Service ကြေးအဖြစ်ပေးဆောင်ရပါမည်။


(င)    စာသင်ချိန် တစ်ချိန်တွင် မိဘများ ရွေးချယ်ထားသော အတန်းအမျိူးအစားအလိုက် T & H Maths Centre  မှ ဆရာဦးရေ နှင့် ကျောင်းသားဦးရေ သတ်မှတ်ထားရှိထားမည် ဖြစ်ပါသည်။ Online Class တွင် သတ်မှတ်ကျောင်းသားဦးရေ နှုန်းထားအတိုင်း သင်ကြားခြင်းဖြစ်ပါသောကြောင့် Zoom Live အချိန်တွင် ကျောင်းသားတစ်ဦးလျှင် Zoom Account တစ်ခုဖြင့်သာ အသုံးပြုရပါမည်။  

(စ)   Online Class များတွင်သင်တန်းတက်ရောက်ရမည့်အချိန်တွင် ဝင်ရောက်ရမည့် Zoom Link ကို School Management System Application (SMS App) ၌ ကြိုတင်ပေးထားမည် ဖြစ်ပါသည်။

(ဆ)    Online Class များတွင်သင်တန်းတက်ရောက်မည့် ကျောင်းသားများသည် သင်တန်းချိန် မစမီ (10) မိနစ်အလိုတွင် မိမိ Online Learning လေ့လာရမည့်နေရာ (စာသင်ကြားရန်သင့်တင့်လျောက်ပတ်သောနေရာ) ၌ လိုအပ်သည့် ပစ္စည်းများ (စာအုပ် နှင့် စာရေးကိရိယာ) နှင့်အတူ ရှိနေရပါမည်။

(ဇ)    သင်တန်းပထမဦးဆုံးရက်တွင်သာ သင်တန်းချိန်အမှီရောက်မလာသော ကျောင်းသားများကို IT Team မှ ဆက်သွယ်ပေးမည်ဖြစ်ပြီး ကျန်ရက်များသည် ကျောင်းသားများ၏ တာဝန်ဖြစ်ပါသောကြောင့် ဆက်သွယ် ပေးမည်မဟုတ်ပါ။


(ဈ)    သင်ကြားသည့် ဆရာမမှ သင်တန်းချိန်ပြီးဆုံးကြောင်း ကြေညာမှသာ Zoom Link မှ ထွက်ခွာရမည် ဖြစ်ပါသည်။

(ည)    သတ်မှတ်စာသင်ကာလတစ်ခုစီတွင် Assessment များကို ခွင့်ပြုသတ်မှတ်ထားသော ရက်အတွင်း ဖြေဆိုရမည်ဖြစ်ပြီး Assessment များကို ဖြေဆိုအောင်မြင်မှသာ အတန်းပြီးဆုံးကြောင်း လက်မှတ်ကို ထုတ်ပေးသွားမည် ဖြစ်သည်။ မဖြေဆိုခဲ့လျှင် (သို့မဟုတ်) ဖြေဆိုခဲ့သော်လည်း ၄၀ ရာခိုင်နှုန်း မပြည့်မီခဲ့လျှင် အတန်းတက်ရောက်ကြောင်း လက်မှတ်သာ ရရှိမည် ဖြစ်သည်။ အသေးစိတ်ကို နံပါတ် (၈) တွင်ဆက်လက် ဖော်ပြထားပါသည်။

 

၅။    ကျောင်းအပ်လက်ခံခြင်း နှင့် သင်တန်းကြေး

(က)    သင်တန်းကြေး ပေးသွင်းရန်အတွက် KBZ Pay (User Level 2), AYA Pay (User Level 2) အစရှိသည့် Pay Account တစ်ခုရှိထား ရန် လိုအပ်ပါသည်။

(ခ)    School Management System Application (SMS App) ဖြင့် သင်တန်းအပ်ချိန်တွင် ကျောင်းလခပေးသွင်းခြင်းလုပ်ငန်းစဉ်ကို ပြီးဆုံးအောင် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းစဉ် မပြီးဆုံးပါက မိမိရွေးချယ်ထားသော အတန်းချိန်အတိုင်း တက်ရောက်ခွင့်ကို ဆုံးရှုံးမည် ဖြစ်ပါသည်။

 
(ဂ)    မိဘများဘက်မှ T & H Maths Center ၏ Bank အကောင့်များ နှင့် SMS Application မှတစ်ဆင့် ငွေပေးသွင်းခြင်းမဟုတ်ပဲ T & H နဲ့ မသက်ဆိုင်သော Bank account များဖြင့် သင်တန်းကြေးမှားလွှဲမိခြင်းများရှိခဲ့ပါက T&H Maths Center ဘက်မှ တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်သောကြောင့် T & H SMS Application ဖြင့်သာ သင်တန်းကြေးပေးသွင်းကြပါရန် အသိပေးအပ်ပါသည်။

 
(ဃ)    စာပိုဒ် ၄ (ဂ) အရ အတန်းအမျိုးအစား၊ အတန်း နှင့် အချိန်များကို ရွှေ့ပြောင်းပေးမည် မဟုတ်သော်လည်း ကျောင်းသားများ၏ အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်တက်ရောက်ရန် အဆင်မပြေသည့်အခါများတွင် မိဘများ၏ တောင်းဆိုမှုကြောင့် ကျောင်းဘက်မှ စီစဉ်ပေးရသည့် အတန်းချိန်များအတိုင်း တက်ရောက်ရသည့် အခြေအနေမျိုးတွင် သင်တန်းကြေးပိုများသော အတန်းအမျိုးအစားအတွက် သတ်မှတ်သင်တန်းကြေး ထပ်မံပေးသွင်း ရမည်ဖြစ်ပြီး သင်တန်းကြေးနည်းသော အတန်းအမျိုးအစားအတွက် သင်တန်းကြေးကွာဟမှုကို မည်သည့် အကြောင်းကြောင့်မျှ ပြန်လည်အမ်းပေးမည် မဟုတ်ပါ၊

 (င)    သင်တန်းကို ဆက်လက်တက်ရောက်ခြင်း မပြုနိုင်ပါက ကြိုတင်ပေးသွင်းထားသော သင်တန်းကြေးကို ပြန်လည်ထုတ်ပေးခြင်း၊ အခြားကျောင်းသားဖြင့် အစားထိုးပေးခြင်း၊ အခြားလများအတွက် အစားထိုးပေးခြင်း ပြုလုပ်ပေးမည် မဟုတ်ပါ။

 


၆။    လေ့ကျင့်ခန်းစာအုပ်များ ပို့ဆောင်ခြင်း၊ လေ့ကျင့်ခြင်း နှင့် စာမေးမြန်းခြင်း

(က) လေ့ကျင့်ခန်းစာအုပ်များကို School Management System Application (SMS App) တွင် မိဘများရွေးချယ်ထားသည့် စနစ်အတိုင်း ဖြည့်စွက်ထားသော လိပ်စာများသို့ သင်တန်းစဖွင့်မည့်ရက် မတိုင်မီ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ မိဘများဖြည့်စွက်ထားသော လိပ်စာအတိုင်းပို့ဆောင်ချိန်တွင် Worksheet (စာအုပ်) ယူဆောင်မည့် လိပ်စာအား အပြောင်းအလဲပြုလုပ်မည်ဆိုပါက ပြောင်းလဲ ခအတွက် (၅,၀၀၀ိ/- ကျပ်) ထပ်မံပေးသွင်းရမည် ဖြစ်ပါသည်။ မိမိတို့သည် pdf ဖြင့်ယူမည်ဟုရွေးချယ်ထားပါက စာအုပ်ကို ထပ်မမံပေးပို့ခြင်းမရှိပါ ။ စာအုပ်ဖြင့် ယူမည် ဟု ရွေးချယ်ထားပါက pdf ကို ထပ်မံပို့ဆောင်ခြင်းမရှိပါ။

(ခ) ကျောင်းမှ ပေးပို့ထားသော လေ့ကျင့်ခန်းစာအုပ်များ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံး ပျက်ဆီးသွားပါက Grade တစ်ခု စာအတွက် (၄၀,၀၀၀ိ/-  ) ကျပ် ဖြင့်အသစ်ထပ်မံဝယ်ယူရမည် ဖြစ်ကြောင်းကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

(ဂ) Worksheet(စာအုပ်) ပို့ဆောင်ပြီးပါက School Management System Application (SMS App) ၏ Notification တွင် လေ့ကျင့်ခန်းစာအုပ်များ Delivery အပ်ပြီးကြောင်းကို Book Delivery Notice ပို့ပေးမည် ဖြစ်ပါသည်။ သတ်မှတ်ရက်အတွင်း လေ့ကျင့်ခန်းစာအုပ်များ မရောက်ရှိပါက T & H Maths Centre Worksheet Department ဖုန်းနံပါတ် ဖြစ်သော (09 755 047 773, 09 768 224 008) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(ဃ)    ကျောင်းသားများမှ Online Class များတွင် သင်ကြားသွားသော လေ့ကျင့်ခန်းများနှင့် အတန်းပိုင်ဆရာမမှ ပေးသောအိမ်စာများကို Learning Management System (LMS) တွင် သတ်မှတ်ရက်အတွင်း ပြုလုပ်ရမည် ဖြစ်ပါသည်။

(င)    Zoom Live တွင် သင်ကြားသွားသော သင်ခန်းစာများနှင့် ပတ်သက်ပြီး မေးမြန်းလိုပါက သင်တန်းချိန် အတွင်းအမေးအဖြေကဏ္ဍတွင် မေးမြန်းနိုင်သည့်အပြင် Learning Management System (LMS) ၏ Message Box တွင်လည်း စာပေးပို့၍ မေးမြန်းနိုင်ပါသည်။

(စ)    သက်ဆိုင်ရာ Website များတွင် သင်ခန်းစာ နှင့် မသက်ဆိုင်သော အခြား Page, Post, Website များ၊ အခြားသင်တန်းကျောင်းများမှ သင်ခန်းစာပို့ချသည့် Video File များ ကို Share လုပ်ခြင်းမပြုရပါ။

(ဆ)   Grade 9 သင်ခန်းစာများ တွင် Calculator အသုံးပြုရမည်ဖြစ်သောကြောင့် Scientific Calculator ဝယ်ထားရန်လို အပ်ပါသည်။

 

၇။    ခွင့်တိုင်ကြားခြင်း

(က)    Online Class များဖြစ်သော်လည်း ဆရာမနှင့်အတူ အမေးအဖြေကဏ္ဍများ ပါရှိသောကြောင့် အတန်းချိန် မပျက်ကွက်ပါက ကျောင်းသားများအတွက် ပိုမိုထိရောက်မှုရှိပါသည်။

(ခ)    အကြောင်းအမျိုးမျိုးကြောင့်သင်တန်းချိန် မတက်ရောက်နိုင်သော ကျောင်းသားများနှင့် သင်တန်းချိန် အမီ မတက်ရောက်နိုင်ပဲနောက်ကျနိုင်သော ကျောင်းသားများအနေဖြင့် Learning Management System (LMS) ထဲတွင် Message ပို့ ၍ သက်ဆိုင်ရာ ဆရာ၊ ဆရာမများ နှင့် Grade (IT) များထံ ဖုန်းဆက်အကြောင်းကြားပြီး ကြိုတင် ခွင့်တိုင်ကြားရပါမည်။

(ဂ)    ခွင့်တိုင်ကြားသော ကျောင်းသားများအတွက် ပျက်ရက်တွင် သင်ကြားသွားသော သင်ခန်းစာ Video ကို Learning Management System (LMS) မှတဆင့် Link ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

(ဃ)    ခွင့်တိုင်ကြားခြင်းမရှိသော ကျောင်းသားများအတွက် Video Link ပေးပို့မည် မဟုတ်ပါ။

(င)    စာသင်ကာလအတွင်း (၅) ရက်ထက်ပိုသော (တစ်ဆက်တည်းဖြစ်စေ သို့မဟုတ် ခွဲ၍ဖြစ်စေ) ခွင့်တိုင် ကြားခြင်းများအတွက် သင်ခန်းစာ Video များ လုံး၀ လုံး၀ ပြန်လည်ပေးပို့မည်မဟုတ်ပါ။ (ခွင့်ကြာရှည်ပျက်ခွင့်မပြုပါ။)

 

၈။    Learning Management System (LMS) System ဖြင့် Assessment ဖြေဆိုခြင်း

(က)    ကျောင်းသား၊ကျောင်းသူများသည် တက်ရောက်နေသော Grade အလိုက် Assessment များဖြေဆို ရမည်ဖြစ်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် Assessment (၁) ခုကို လာရောက်မဖြေဆိုခဲ့လျှင် အတန်း တက်ရောက်သွားကြောင်း Certificate of Attendance (Softcopy) ကိုသာ E-mail ဖြင့်ပေးပို့ပါမည်။

(ခ)    ကျောင်းသား၊ကျောင်းသူများသည် Grade အလိုက် Assessment အားလုံးဖြေဆိုခဲ့ပြီး ရမှတ် အားလုံးပေါင်း၏ 40% အောက်ရောက်ခဲ့လျှင်အတန်းတက်ရောက်သွားကြောင်း Certificate of Attendance (Softcopy) ကိုသာပေးပို့မည်ဖြစ်ပါသည်။ 40%အထက်ရရှိမှသာလျှင် အတန်းအောင်မြင်စွာ ပြီးဆုံးသွားကြောင်း Certificate of Completion (Softcopy) ကို  E-mail ဖြင့်ပေးပို့ပါမည်။

(ဂ)    Assessment တစ်ခုဖြေဆိုပြီးသည့်အချိန်တွင် မိဘများထံသို့ ကျောင်းသားများ၏ အခြေအနေကို ဖော်ပြထားသည့် Report Card (Softcopy) များကို ကျောင်းအပ်ချိန်တွင် မိဘများပေးထားသော E-mail များသို့ ပေးပို့သွားပါမည်။

(ဃ)T & H Maths Centre သို့တက်ရောက်မည့် ကျောင်းသား ၊ ကျောင်းသူများသည် Grade အလိုက် ဖြေဆိုခဲ့ပြီးသော Assessments များပေါ်တွင်မူတည်၍ (Assessment 1 & 2 )တွင် Failed ဖြစ်ခဲ့လျှင် လက်ရှိတက်ရောက်နေသော အတန်းအတိုင်း Academic Regular Online Class (or) Academic Special Online Class) တွင်ဆက်လက်တက်ရောက်ပေးရမည်။ 

Regular or On-Campus အတန်းတွင် Assessment (2) ခု Failed ဖြစ်ခဲ့ပါက Academic Special Online အတန်းသို့ ပြောင်းလဲ၍ တစ်ဆင့်မြင့်သော Grade ဖြင့်ပြောင်းလဲအပ်နှံနိုင်မည်ဖြစ်သည်။ 

အထက်ပါဖော်ပြချက်များကို သိရှိလိုက်နာနိုင်မှသာလျှင် T&H Maths Centre ၏ သင်ကြားမှုစနစ်အတိုင်း ဆက်လက်တက်ရောက်သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။


*** မိဘများအား အထူးအသိပေးလိုသော အချက်များရှိလာပါက School Management System Application (SMS App) မှတဆင့်အသိပေး အကြောင်းကြားစာများ ပေးပို့သွားမည် ဖြစ်ပါသည်။

 

Management Team

T & H Maths Centre

 

T & H Maths Centre မှ ကျောင်းသားမိဘများ သိရှိလိုက်နာရန် လိုအပ်သော အချက်များ  

(On Campus)

၁။    သင်ရိုးညွှန်းတမ်း

(က) Class များတွင် သင်ကြားနေသော သင်ခန်းစာများ၊ Video များနှင့်လေ့ကျင့်ရေးစာအုပ်များသည် T & H Maths Centre မှရေးဆွဲထားသော ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းမှ ထုတ်နှုတ်ထားခြင်းဖြစ်သည်။


(ခ)    သင်ခန်းစာ Video ၊ မေးခွန်းများ နှင့် လေ့ကျင့်ရေး စာအုပ်များကို တဆင့်ပြန်လည်ကူးယူခြင်း၊ ဝေမျှခြင်း၊ ရောင်းချခြင်း နှင့် ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးပြုခြင်းအား ခွင့်မပြုပါ။ T & H Maths Centre ၏ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပြသထားသော Video များ၊ ကျောင်းတွင်းထုတ်ပြန်ထားသောစည်းကမ်းချက်များကို  မိမိကိုယ်ပိုင် Facebook Account ၊ Page နှင့် အခြား Social Media များတွင် တင်ခြင်းကို အထူးတားမြစ်ပါသည်။ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ကို သိရှိပါသည်။

(ဂ)    မိဘများမှ သက်ဆိုင်ရာကျောင်းများ၏ သင်ရိုးညွှန်းတမ်းများသော်လည်းကောင်း၊ T & H Maths Centre သင်ရိုးမှ Topic များကိုရွေးချယ်၍ သင်စေခြင်းသော်လည်းကောင်း မည်သည့်အခြေအနေတွင်မှ သင်ကြားပေးမည် မဟုတ်ပါ။

 

၂။    ပိတ်ရက်များ 

(က)    T & H Maths Centre သည် အပတ်စဉ် တနင်္လာနေ့ နှင့် အများပြည်သူရုံးပိတ်ရက်များ ကို ရုံးခန်း နှင့် သင်တန်းကျောင်း ပိတ်ရက်အဖြစ် ထားရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။

(ခ)    International Maths Olympiad Exam များကို လက်ခံကျင်းပပေးနေသော အဖွဲ့အစည်း ဖြစ်သည့်အလျောက် T & H Maths Centre တွင် တက်ရောက်နေသည့် ကျောင်းသားများအနေဖြင့် Olympiad Exam များ ဝင်ရောက်ဖြေဆိုရာတွင် အဆင်ပြေစေရန် Olympiad Exam ဖြေဆိုကျင်းပသည့်ရက်များကိုလည်း ပိတ်လေ့ရှိပါသည်။

(ဂ)    နှစ်စဉ် အောက်တိုဘာလ နှင့် ဒီဇင်ဘာလ များတွင် (Term Break) အဖြစ် ကျောင်းပိတ်မည် ဖြစ်ပြီး အဆိုပါ ပိတ်ရက်များအတွက် သင်တန်းချိန် ပြန်လည်အစားထိုးပေးမည် မဟုတ်ပါ။

(ဃ)    သင်တန်းကျောင်း ပိတ်ရက်များကို School Management System Application (SMS App) ၏ Holidays တွင် ထည့်သွင်းဖော်ပြပေးထားသည့်အပြင် ရက်အတိအကျ မသိရသော ပိတ်ရက်များအတွက် (e.g-Term Break၊ ဒီပါဝလီနေ့၊ Exam Day) စသည့် ပိတ်ရက်များကို School Management System Application (SMS App) တွင် Notification ပေးပို့ အကြောင်းကြားသွားမည် ဖြစ်ပါသည်။ 



၃။    သတင်းအချက်အလက် ကဏ္ဍ

(က)    T & H Maths Centre နှင့် ပတ်သက်သော သတင်းအချက်အလက်များကို T & H Maths Centre ၏ Facebook စာမျက်နှာတွင် ကြေညာမည့်အပြင် info @ T & H Private Group တွင်လည်း ဝေမျှသွားမည်ဖြစ်ပါသဖြင့် မိဘများအနေဖြင့် သင်တန်းအပ်ပြီးပါက info @ T & H Private Group ကို လည်း Join ထားနိုင်ပါသည်။

(ခ)    ယေဘူယျ သတင်းအချက်အလက်များအတွက် မိဘများထံဖုန်းဖြင့် သီးသန့်ဆက်သွယ်ပေးမည် မဟုတ်ပါ။

(ဂ)    မိဘများအနေဖြင့် T & H Maths Centre ၏ School Management System Application (SMS App) မှတစ်ဆင့် ပေးပို့ထားသော ပိတ်ရက်များ ၊ အကြောင်းကြားစာများကို အလေးအနက်ထားပြီး သိရှိလိုက်နာပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးရပါမည်။

(ဃ)    သီးသန့်ဆွေးနွေးရန်လိုအပ်သည့် ကိစ္စရပ်များအတွက် မိဘများထံ ဆက်သွယ်ရာတွင် ကျောင်းသား၏ ကိုယ်ရေးအချက်အလက်၌ ဖြည့်သွင်းထားသော ဖုန်းနံပါတ်များသို့သာ ဆက်သွယ်သွားမည် ဖြစ်ပါသောကြောင့် စာရင်းပေးသွင်းချိန်တွင် တိုက်ရိုက်အုပ်ထိန်းသူ၏ ဖုန်းနံပါတ်ကိုသာ ထည့်သွင်းပေးရပါမည်။ 

(င)    အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်၍ မရသော ဖုန်းနံပါတ်များ ဖြစ်နေပါက T & H Maths Centre မှ တာဝန်ယူမည် မဟုတ်ပါ။

 

၄။    အတန်း နှင့် သင်တန်းချိန် 

(က)    မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ Placement Test ဖြေဆိုမှုရမှတ်အပေါ် မူတည်ပြီး ကျောင်း Grade နှင့် အဆင်ပြေသော အတန်းကို ရွေးချယ်ပေးရမည် ဖြစ်ပါသည်။ (စာသင်ကြားချိန် ၂ ပတ်အတွင်း ဆရာ၊ ဆရာမများထံမှ ကျောင်းသားများသည် မိဘများရွေးချယ်ထားသော အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း အသိပေးချက်ရရှိလာမည်ဆိုပါက T & H Maths Centre ၏ စီစဉ်ပေးမှုအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။)

(ခ)    မိဘများအနေဖြင့် ကျောင်းသားများအတွက် တက်ရောက်လိုသော အတန်းကို မှားယွင်းပြီး ရွေးချယ်မိပါက သင်ခန်းစာလေ့လာခြင်း နှင့် Worksheet များ ပေးပို့ခြင်းတို့တွင် အခက်အခဲ ရှိနိုင်သောကြောင့် မှန်ကန်စွာ ရွေးချယ်ပေးရန် လိုအပ်ပါသည်။

(ဂ)    မိဘများအနေဖြင့် ကျောင်းသားများအတွက် အတည်ပြုရွေးချယ်ထားသည့် အတန်းအမျိုးအစား (Class Type)၊  အတန်း (Grade) နှင့် အချိန် (Session) အတိုင်းသာ တက်ရောက်ရမည် ဖြစ်ပါသည်။ (ပြန်လည်ပြောင်းရွှေ့ပေးရန် အခက်အခဲရှိသောကြောင့် လုံး၀ လုံး၀ ပြောင်းရွှေ့ပေးမည် မဟုတ်ပါ။) 

(ဃ)    စာပိုဒ် ၄ (ဂ) အရ ပြန်လည်ပြောင်းရွှေ့ပေးရန် အခက်အခဲရှိသော်လည်း သင်တန်းတက်ရောက်နေသည့် ကာလအတွင်း ကျောင်းသားများသည် လက်ရှိတက်ရောက်နေသော အချိန် (Session) အတိုင်းဆက်လက် တက်ရောက်ရန် ခက်ခဲနေကြောင်း တောင်းဆိုလာသည့်အခါ မိဘများ၏ လိုအပ်ချက်အရ (၁) ကြိမ်သာပြောင်းလဲခွင့်ပြုပါမည်။ ထိုသို့ပြောင်းလဲရာတွင် ကျောင်းဘက်မှ ဖွင့်လှစ်ထားသော အတန်းချိန်အလွတ်ရှိမှသာ ပြောင်းလဲပေးမည်ဖြစ်ပြီး အချိန် (Session) အပြောင်းအလဲ ပြုလုပ်ခ (၃၀,၀၀၀ိ/- ကျပ်) ထပ်မံ ပေးသွင်း၍ ပြောင်းလဲရမည် ဖြစ်ပါသည်။ မိဘများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အခြားသော Student Profile Data အပြောင်းအလဲပြုလုပ်မည်ဆိုပါက  (၁၀,၀၀၀ ) ကျပ်ကို Service ကြေးအဖြစ်ပေးဆောင်ရပါမည်။

(င)    စာသင်ချိန် တစ်ချိန်တွင် သတ်မှတ်ထားသော အဖွဲ့အလိုက် သင်ကြားရမည်ဖြစ်သောကြောင့် သင်တန်းချိန်မစမီ ကျောင်းသို့ လိုအပ်သည့် ပစ္စည်းများ (စာအုပ် နှင့် စာရေးကိရိယာ) နှင့်အတူ  အချိန်မီ ရောက်ရှိရန် လိုအပ်ပါသည်။

(စ)    မိဘများအနေဖြင့် မိမိတို့စိတ်ကြိုက်ရွေးချယ်ထားသော သင်တန်းချိန်အတွင်းသာ မိမိတို့၏ ရင်သွေးငယ်များကို လာရောက်ပို့ဆောင်ပေးပါရန်နှင့် ကျောင်းကြိုချိန်ကိုလည်း သင်တန်းပြီးဆုံးချိန်(၁၀)မိနစ်ထက်ပို၍ နောက်မကျစေဘဲ လာကြိုပေးရမည် ဖြစ်ပါသည်။

(ဆ)    သင်တန်းပထမဦးဆုံးရက်တွင်သာ သင်တန်းချိန်အမှီရောက်မလာသော ကျောင်းသားများကို ကျောင်းသား ရေးရာဌာန မှ ဆက်သွယ်ပေးမည်ဖြစ်ပြီး ကျန်ရက်များသည် ကျောင်းသားများ၏ တာဝန်ဖြစ်ပါသောကြောင့် ဆက်သွယ် ပေးမည်မဟုတ်ပါ။

(ဇ)    သတ်မှတ်စာသင်ကာလတစ်ခုစီတွင် Assessment များကို ခွင့်ပြုသတ်မှတ်ထားသောရက်တွင်၊ Learning Management System (LMS) တွင် ဖြေဆိုရမည်ဖြစ်ပြီး Assessment များကို ဖြေဆိုအောင်မြင်မှသာ အတန်းပြီးဆုံးကြောင်း လက်မှတ်ကို ထုတ်ပေးသွားမည် ဖြစ်သည်။ မဖြေဆိုခဲ့လျှင် (သို့မဟုတ်) ဖြေဆိုခဲ့သော်လည်း ၅၀ ရာခိုင်နှုန်း မပြည့်မီခဲ့လျှင် အတန်းတက်ရောက်ကြောင်း လက်မှတ်သာ ရရှိမည် ဖြစ်သည်။ အသေးစိတ်ကို နံပါတ် (၈) တွင်ဆက်လက် ဖော်ပြထားပါသည်။

 

၅။    ကျောင်းအပ်လက်ခံခြင်း နှင့် သင်တန်းကြေး

(က)    သင်တန်းကြေး ပေးသွင်းရန်အတွက် KBZ Pay (User Level 2), AYA Pay (User Level 2) အစရှိသည့် Pay Account တစ်ခုရှိထား ရန် လိုအပ်ပါသည်။

(ခ)    School Management System Application (SMS App) ဖြင့် သင်တန်းအပ်ချိန်တွင် ကျောင်းလခပေးသွင်းခြင်းလုပ်ငန်းစဉ်ကို ပြီးဆုံးအောင် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းစဉ် မပြီးဆုံးပါက မိမိရွေးချယ်ထားသော အတန်းချိန်အတိုင်း တက်ရောက်ခွင့်ကို ဆုံးရှုံးမည် ဖြစ်ပါသည်။
 

(ဂ)    မိဘများဘက်မှ T & H Maths Center ၏ Bank အကောင့်များ နှင့် SMS Application မှတစ်ဆင့် ငွေပေးသွင်းခြင်းမဟုတ်ပဲ T & H နဲ့ မသက်ဆိုင်သော Bank account များဖြင့် သင်တန်းကြေးမှားလွှဲမိခြင်းများရှိခဲ့ပါက T&H Maths Center ဘက်မှ တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်သောကြောင့် T & H SMS Application ဖြင့်သာ သင်တန်းကြေးပေးသွင်းကြပါရန် အသိပေးအပ်ပါသည်။ 

(ဃ)    စာပိုဒ် ၄ (ဂ) အရ အတန်းအမျိုးအစား၊ အတန်း နှင့် အချိန်များကို ရွှေ့ပြောင်းပေးမည် မဟုတ်သော်လည်း ကျောင်းသားများ၏ အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်တက်ရောက်ရန် အဆင်မပြေသည့်အခါများတွင် မိဘများ၏ တောင်းဆိုမှုကြောင့် ကျောင်းဘက်မှ စီစဉ်ပေးရသည့် အတန်းချိန်များအတိုင်း တက်ရောက်ရသည့် အခြေအနေမျိုးတွင် သင်တန်းကြေးပိုများသော အတန်းအမျိုးအစားအတွက် သတ်မှတ်သင်တန်းကြေး ထပ်မံပေးသွင်း ရမည်ဖြစ်ပြီး သင်တန်းကြေးနည်းသော အတန်းအမျိုးအစားအတွက် သင်တန်းကြေးကွာဟမှုကို မည်သည့် အကြောင်းကြောင့်မျှ ပြန်လည်အမ်းပေးမည် မဟုတ်ပါ၊

 

(င)    သင်တန်းကို ဆက်လက်တက်ရောက်ခြင်း မပြုနိုင်ပါက ကြိုတင်ပေးသွင်းထားသော သင်တန်းကြေးကို ပြန်လည်ထုတ်ပေးခြင်း၊ အခြားကျောင်းသားဖြင့် အစားထိုးပေးခြင်း၊ အခြားလများအတွက် အစားထိုးပေးခြင်း ပြုလုပ်ပေးမည် မဟုတ်ပါ။



၆။    လေ့ကျင့်ခန်းစာအုပ်များ ထုတ်ပေးခြင်း ၊ လေ့ကျင့်ခြင်း နှင့် စာမေးမြန်းခြင်း

(က)    လေ့ကျင့်ခန်းစာအုပ်များ ထုတ်ပေးပြီးပါက School Management System Application (SMS App) ၏ Notification တွင် Book Delivery Notice ပို့ပေးမည်ဖြစ်ပါသည်။

(ခ)    ကျောင်းမှ ထုတ်ဝေပေးထားသော လေ့ကျင့်ခန်းစာအုပ်များ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးပျက်ဆီးသွားပါက အတန်း(Grade)တစ်ခုစာအတွက် (၅၀,၀၀ဝိ/-) ကျပ် ဖြင့် အသစ်ထပ်မံဝယ်ယူရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။

(ဂ)    သင်ကြားသွားသော လေ့ကျင့်ခန်းများနှင့် အတန်းပိုင်ဆရာမမှ ပေးသောအိမ်စာများကို Learning Management System (LMS) တွင် သတ်မှတ်ရက်အတွင်း ပြုလုပ်ရမည် ဖြစ်ပါသည်။ 

(ဃ)    သက်ဆိုင်ရာ Website များတွင် သင်ခန်းစာ နှင့် မသက်ဆိုင်သော အခြား Page, Post, Website များ၊ အခြားသင်တန်းကျောင်းများမှ သင်ခန်းစာပို့ချသည့် Video File များ ကို Share လုပ်ခြင်းမပြုရပါ။



 

၇။    ခွင့်တိုင်ကြားခြင်း

(က)    အဖွဲ့လိုက် သင်ကြားရသောအတန်းဖြစ်သောကြောင့် အတန်းချိန် မပျက်ကွက်ပါက ကျောင်းသားများအတွက် ပိုမိုထိရောက်မှုရှိပါသည်။

(ခ)    အကြောင်းအမျိုးမျိုးကြောင့် သင်တန်းချိန် မတက်ရောက်နိုင်သော ကျောင်းသားများနှင့် သင်တန်းချိန် အမီ မတက်ရောက်နိုင်ပဲနောက်ကျနိုင်သော ကျောင်းသားများအနေဖြင့် Learning Management System (LMS) ထဲတွင် Message ပို့ ၍ သက်ဆိုင်ရာ ဆရာ၊ ဆရာမများ နှင့် ကျောင်းသားရေးရာဌာနသို့ ဖုန်းဆက်အကြောင်းကြားပြီး ကြိုတင် ခွင့်တိုင်ကြားရပါမည်။

(ဂ)    ခွင့်တိုင်ကြားသော ကျောင်းသားများအတွက် ပျက်ရက်တွင် သင်ကြားသွားသော သင်ခန်းစာ Video ကို Learning Management System (LMS) မှတဆင့် Link ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

(ဃ)    ခွင့်တိုင်ကြားခြင်းမရှိသော ကျောင်းသားများအတွက် Video Link ပေးပို့မည် မဟုတ်ပါ။

(င)    စာသင်ကာလအတွင်း (၅) ရက်ထက်ပိုသော (တစ်ဆက်တည်းဖြစ်စေ သို့မဟုတ် ခွဲ၍ဖြစ်စေ) ခွင့်တိုင် ကြားခြင်းများအတွက် သင်ခန်းစာ Video များ လုံး၀ လုံး၀ ပြန်လည်ပေးပို့မည်မဟုတ်ပါ။ (ခွင့်ကြာရှည်ပျက်ခွင့်မပြုပါ။)
 

၈။    Learning Management System (LMS) System ဖြင့် Assessment ဖြေဆိုခြင်း

(က) Assessment ဖြေဆိုရာတွင် ဖြေဆိုရမည့် Device and Mobile Data တို့ကို သတ်မှတ်ရက်တွင်၊ မိ မိတို့ကိုယ်တိုင်စီစဉ်ယူဆောင်ခဲ့ပေးရပါမည်။

(ခ)Assessment တစ်ခုဖြေဆိုပြီးသည့်အချိန်တွင် မိဘများထံသို့ ကျောင်းသားများ၏ အခြေအနေကို ဖော်ပြထားသည့် Report Card (Softcopy) များကို ကျောင်းအပ်ချိန်တွင် မိဘများပေးထားသော Email များသို့ ပေးပို့သွားပါမည်။

(ဂ) ကျောင်းသား၊ကျောင်းသူများသည် တက်ရောက်နေသော Grade အလိုက် Assessment များဖြေဆို ရမည်ဖြစ်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် Assessment (၁) ခုကို လာရောက်မဖြေဆိုခဲ့လျှင် အတန်း တက်ရောက်သွားကြောင်း Certificate of Attendance ကိုသာ ပေးအပ်သွားပါမည်။

(ဃ) ကျောင်းသား၊ကျောင်းသူများသည် Grade အလိုက် Assessment အားလုံးဖြေဆိုခဲ့ပြီး ရမှတ် အားလုံးပေါင်း၏ 40% အောက်ရောက်ခဲ့လျှင်အတန်းတက်ရောက်သွားကြောင်း Certificate of Attendance ကိုသာပေးပို့မည် ဖြစ်ပါသည်။ 40%အထက်ရရှိမှသာလျှင် အတန်းအောင်မြင်စွာ ပြီးဆုံးသွားကြောင်း Certificate of Completion ကို ပေးအပ်သွားပါမည်။  

 (င)T & H Maths Centre သို့တက်ရောက်မည့် ကျောင်းသား ၊ ကျောင်းသူများသည် Grade အလိုက် ဖြေဆိုခဲ့ပြီးသော Assessments များပေါ်တွင်မူတည်၍ (Assessment 1 & 2 )တွင် Failed ဖြစ်ခဲ့လျှင် လက်ရှိတက်ရောက်နေသော အတန်းအတိုင်း Academic Regular Online Class (or) Academic Special Online Class) တွင်ဆက်လက်တက်ရောက်ပေးရမည်။ 

Regular or On-Campus အတန်းတွင် Assessment (2) ခု Failed ဖြစ်ခဲ့ပါက Academic Special Online အတန်းသို့ ပြောင်းလဲ၍ တစ်ဆင့်မြင့်သော Grade ဖြင့်ပြောင်းလဲအပ်နှံနိုင်မည်ဖြစ်သည်။ 

အထက်ပါဖော်ပြချက်များကို သိရှိလိုက်နာနိုင်မှသာလျှင် T&H Maths Centre ၏ သင်ကြားမှုစနစ်အတိုင်း ဆက်လက်တက်ရောက်သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။


 ၉။    ကားရပ်နားခြင်း နှင့် ကျောင်းကြိုပို့ခြင်း

(က)    T & H Maths Centre ကျောင်းခွဲတိုင်းတွင် Car Parking နေရာအခက်အခဲရှိသောကြောင့်မိဘများအနေဖြင့် ကားကြာရှည်စွာရပ်နားခြင်း၊ အိမ်ယာဝန်းအနီး Car Parking ထိုးခြင်း များမပြုလုပ်ကြရန် ကြိုတင်အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။

(ခ) ကျောင်းသား/ ကျောင်းသူများအား သင်တန်းချိန်အမီ ပို့ဆောင်ပေးခြင်း၊ အချိန်တိကျစွာ လာရောက်ကြိုဆိုပေးခြင်းပြုလုပ်ပေးရန်လိုအပ်ပါသည်။

(ဂ)    ကျောင်းပတ်ဝန်းကျင်အနီး မိမိကြောင့်အနှောက်အယှက်ဖြစ်စေနိုင်သော အပြုအမူများ မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

*** မိဘများအား အထူးအသိပေးလိုသော အချက်များရှိလာပါက School Management System (SMS App) မှတဆင့်အသိပေး အကြောင်းကြားစာများ ပေးပို့သွားမည် ဖြစ်ပါသည်။

Management Team

T & H Maths Centre

Powered By MSIS