| T & H Maths Centre ၏ Online Class တွင် တက်ရောက်နေသော ကျောင်းသားမိဘများ သိရှိလိုက်နာရန် စည်းကမ်းချက်များ ၁။ သင်ရိုးညွှန်းတမ်း သင်ခန်းစာ Video ၊ မေးခွန်းများနှင့် လေ့ကျင့်ရေးစာအုပ်များသည် T & H Maths Centre ၏ ကိုယ်ပိုင် သင်ရိုး ညွှန်းတမ်းမှ ထုတ်နှုတ်ထားသောကြောင့် တဆင့်ပြန်လည်ကူးယူခြင်း၊ ဝေမျှခြင်း၊ ရောင်းချခြင်းနှင့် မိမိအကျိုးစီးပွား အတွက် အသုံးပြုခြင်းအား လုံးဝ ခွင့်မပြုပါ။
၂။ ပိတ်ရက်များ T & H Maths Centre သည် အပတ်စဉ် တနင်္လာနေ့ ၊ အများပြည်သူရုံးပိတ်ရက်များ၊ Olympiad Exam (နေ့ရက်ကို အသေးစိတ် ကြေငြာပါမည်)များနှင့် Team Break များကို သင်တန်းပိတ်မည် ဖြစ်ပြီး ထိုပိတ်ရက်များ အတွက် ငွေကြေးကောက်ခံထားခြင်းမရှိပါ။ ထို့ကြောင့် အဆိုပါပိတ်ရက်များအတွက် သင်တန်းချိန် ပြန်လည်အစားထိုး ပေးမည်မဟုတ်ပါ။
၃။ သတင်းအချက်အလက်ကဏ္ဍ (က) T & H Maths Centre ၏ သတင်းအချက်အလက်များကို Viber Channel, SMS နှင့် FB Page များတွင်သာ ကြေငြာပေးခြင်း ပြုလုပ်ပေးပြီး ဖုန်းဖြင့် သီးသန့်ဆက်သွယ်ပေးမည် မဟုတ်ပါ။ (ခ) ကျောင်းအပ်နှံစဉ်တွင် အုပ်ထိန်းသူ၏ဖုန်းနံပါတ်ကိုသာ ထည့်သွင်းပေးရမည်ဖြစ်ပြီး ဖြည့်ထားသော Data မှားယွင်းမှုကြောင့် ဆက်သွယ်၍မရပါက T & H Maths Centre မှ တာဝန်ယူမည် မဟုတ်ပါ။
၄။ အတန်းနှင့် သင်တန်းချိန် (က) မိဘများအနေဖြင့် Placement Test Result အရ ကျောင်းသားများအတွက် အတည်ပြုရွေးချယ် ထားသည့် အတန်းအမျိုးအစား (Class Type)၊ အတန်း (Grade) နှင့် အချိန် (Session) အတိုင်းသာ တက်ရောက်ရမည် ဖြစ်ပါသည်။ အတန်းအား ပြန်လည်ပြောင်းရွှေ့ပေးမည် မဟုတ်ပါ။ (ခ) စာသင်ချိန်တွင်
ကျောင်းသားတစ်ဦးလျှင် Zoom Account တစ်ခုဖြင့်သာ အသုံးပြုရပါမည်။ Online Class များတွင်
သင်တန်းတက်ရောက် (ဂ) ကျောင်းသားများသည်
သင်တန်းချိန်မစမီ (၁ဝ)မိနစ်အလိုတွင် စာသင်ကြားရန် Zoom Room ၌ အသင့်ဖြစ် နေရပါမည်။ (ဃ) သင်တန်းပထမဦးဆုံးရက်တွင်သာ
သင်တန်းချိန်အမှီရောက်မလာသော ကျောင်းသားများကို Student Affais Department မှ ဆက်သွယ် (င) သင်ကြားမည့်ဆရာမမှ သင်တန်းချိန်ပြီးဆုံးကြောင်း ကြေညာမှသာ Zoom Link မှ ထွက်ခွာရမည် ဖြစ်ပါ သည်။ ကျောင်းသားများ နားမလည်သော သင်ခန်းစာများကို မေးမြန်းနိုင်ရန်အတွက် သင်တန်းမစမီ သို့မဟုတ် သင်တန်းပြီးဆုံးချိန်တွင် ဆရာမဘက်မှ အဆင်ပြေမည့် အချိန် (၁၅) မိနစ် ခွင့်ပြုထားပါသည်။ မိဘများအနေဖြင့် ဆရာ/ဆရာမများ၏ ကိုယ်ပိုင်အချိန် (စာသင်ချိန် ပြင်ပ)တွင် ဆက်သွယ်မေးမြန်းခွင့်မပြုပါ။
၅။ ကျောင်းအပ်လက်ခံခြင်းနှင့် သင်တန်းကြေး (က) School Management System Application (SMS App)ဖြင့် သင်တန်းအပ်ချိန်တွင် ကျောင်းလခ ပေးသွင်း ခြင်းလုပ်ငန်းစဉ်ကို ပြီးဆုံးအောင်လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းစဉ် မပြီးဆုံးပါက မိမိ ရွေးချယ်ထားသော အတန်းချိန်အတိုင်း တက်ရောက်ခွင့်ကို ဆုံးရှုံးမည် ဖြစ်ပါ သည်။ (ခ) T & H နဲ့ မသက်ဆိုင်သော Bank Account များဖြင့် သင်တန်းကြေး မှားလွှဲမိခြင်းများ ရှိခဲ့ပါက T & H Maths Centre ဘက်မှ တာဝန်ယူ ဖြေရှင်းပေးနိုင်မည် မဟုတ်သောကြောင့် T & H SMS Application ဖြင့်သာ သင်တန်းကြေး ပေးသွင်းကြရပါမည်။ (ဂ) သင်တန်းကို ဆက်လက်တက်ရောက်ခြင်းမပြုနိုင်ပါက ကြိုတင်ပေးသွင်းထားသော သင်တန်းကြေးကို ပြန်လည်ထုတ်ပေးခြင်း၊ အခြားကျောင်းသားဖြင့် အစားထိုးပေးခြင်း၊ အခြားအတန်း/Batch များအတွက် အစားထိုးပေးခြင်း ပြုလုပ်ပေးမည် မဟုတ်ပါ။
၆။ လေ့ကျင့်ခန်းစာအုပ်ထုတ်ပေးခြင်း၊ လေ့ကျင့်ခြင်းနှင့် စာမေးမြန်းခြင်း (က) လေ့ကျင့်ခန်းစာအုပ်များကို School Management System Application (SMS App)တွင် မိဘများ ဖြည့်စွက်ထားသော လိပ်စာများသို့ သင်တန်းစဖွင့်မည့်ရက်မတိုင်မီ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ ပို့ဆောင်ချိန်တွင် မိမိတို့ဖြည့်စွက်ထားသော လိပ်စာမဟုတ်ဘဲ လိပ်စာပြောင်းခြင်း ထပ်မံပြုလုပ်မည်ဆိုပါက ပြောင်းလဲခအတွက် (၅,ဝဝဝိ/-)ကျပ် ထပ်မံပေးသွင်းရမည် ဖြစ်ပါသည်။ (ခ) Delivery
Company မှ သတ်မှတ်ထားသော ပို့ဆောင်ရက်အတွင်း ဖုန်းဆက်သွယ်မရခြင်း၊ ပစ္စည်းလက်ခံ မည့်သူ
မရှိခြင်းများကြောင့် (ဂ) ကျောင်းမှ ထုတ်ဝေပေးထားသော
လေ့ကျင့်ခန်းစာအုပ်များ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး/ ပျောက်ဆုံး သွားပါက အတန်း (ဃ) ကျောင်းသားများမှ
Online Class များတွင် သင်ကြားသွားသော လေ့ကျင့်ခန်းများနှင့် အတန်းပိုင် ဆရာမမှ ပေးသော
အိမ်စာများကို
၇။ ခွင့်တိုင်ကြားခြင်း သင်တန်းမတက်ရောက်နိုင်သော
ကျောင်းသားများသည် သက်ဆိုင်ရာ Viber Group နှင့် Grade Student Affairs များထံ ဖုန်း
(သို့
၈။ Learning Management System (LMS) ဖြင့် Assessment ဖြေဆိုခြင်း (က) သတ်မှတ်စာသင်ကာလတစ်ခုစီတွင်
Assessment များကို ဖြေဆိုအောင်မြင်မှသာ အတန်းပြီးဆုံးကြောင်း လက်မှတ် (Softcopy)ကို
ရရှိ (ခ) Assessment တစ်ခု ဖြေဆိုပြီးသည့်အချိန်တိုင်း Report Card (Softcopy)များကို မိမိ၏ LMS Account တွင် Download ရယူနိုင်ပါသည်။ (ဂ) Grade အလိုက် ဖြေဆိုခဲ့ပြီးသော
Assessments များပေါ်မူတည်၍ Assessement 1 & 2 တွင် မအောင်မြင် ခဲ့ပါက နောက်ဆက်လက်
Academic Regular Online တွင် တက်ရောက်နေပါက (၁) Academic Special Online အတန်းတွင် တစ်ဆင့်မြင့်သော
Grade ဖြင့် ပြောင်းလဲအပ်နှံနိုင်မည် ဖြစ်သည်။ (၂) Special အတန်းကို ပြောင်းလဲတက်ရောက်ခြင်း မပြုလိုလျှင် လက်ရှိတက်ရောက်နေသော Grade ကိုသာ ပြန်လည်တက်ရောက်ပေးရမည် ဖြစ်သည်။
Academic Special Online တွင် တက်ရောက်နေပါက (၁) Special အတန်း၌ လက်ရှိတက်ရောက်နေသော Grade ကိုသာ ပြန်လည်တက်ရောက်ရမည်ဖြစ်သည်။
အထက်ဖော်ပြပါ အချက်များကို သိရှိလိုက်နာနိုင်မှသာလျှင် T & H Maths Centre ၏ သင်ကြားမှု စနစ်အတိုင်း ဆက်လက်တက်ရောက်သင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
*** အထက်ပါစည်းကမ်းချက်များကို လိုအပ်သည်ဟု ကျောင်းဘက်မှ သုံးသပ်တွေ့ရှိရပါက အချက်အလက်များ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပြင်ဆင်ဖြည့်စွက်သတ်မှတ်သွားမည် ဖြစ်သည်။ အခါအား လျော်စွာ ထုတ်ပြန်သော စည်းကမ်းချက်များကို မိဘများနှင့် ကျောင်းသား/သူများအားလုံး မပျက်မကွက် လိုက်နာပေးရပါမည်။ Management
Team
T
& H Maths Centre |
T & H Maths Centre ၏ On Campus တွင် တက်ရောက်နေသော ကျောင်းသားမိဘများ သိရှိလိုက်နာရန် စည်းကမ်းချက်များ ၁။ သင်ရိုးညွှန်းတမ်း သင်ခန်းစာ
Video ၊ မေးခွန်းများနှင့် လေ့ကျင့်ရေးစာအုပ်များသည် T & H Maths Centre ၏ ကိုယ်ပိုင်
သင်ရိုး ညွှန်းတမ်းမှ ထုတ်နှုတ်ထားသောကြောင့် တဆင့်ပြန်လည်ကူးယူခြင်း၊ ဝေမျှခြင်း၊
ရောင်းချခြင်းနှင့် မိမိအကျိုးစီးပွား အတွက် အသုံးပြုခြင်းအား လုံးဝ ခွင့်မပြုပါ။
၂။ ပိတ်ရက်များ T
& H Maths Centre သည် အပတ်စဉ် တနင်္လာနေ့ ၊ အများပြည်သူရုံးပိတ်ရက်များ၊
Olympiad Exam (နေ့ရက်ကို အသေးစိတ် ကြေငြာပါမည်)များနှင့် Team Break များကို သင်တန်းပိတ်မည်
ဖြစ်ပြီး ထိုပိတ်ရက် များအတွက် ငွေကြေးကောက်ခံထားခြင်းမရှိပါ။ ထို့ကြောင့် အဆိုပါ ပိတ်ရက်များအတွက်
သင်တန်းချိန် ပြန်လည် အစားထိုးပေးမည် မဟုတ်ပါ။
(က) T & H Maths Centre ၏ သတင်းအချက်အလက်များကို
Viber Channel, SMS နှင့် FB Page များတွင်သာ ကြေငြာပေးခြင်း ပြုလုပ်ပေးပြီး ဖုန်းဖြင့်
သီးသန့်ဆက်သွယ်ပေးမည် မဟုတ်ပါ။ (ခ) ကျောင်းအပ်နှံစဉ်တွင် အုပ်ထိန်းသူ၏ဖုန်းနံပါတ်ကိုသာ
ထည့်သွင်းပေးရမည်ဖြစ်ပြီး ဖြည့်ထားသော Data မှားယွင်းမှုကြောင့် ဆက်သွယ်၍မရပါက T
& H Maths Centre မှ တာဝန်ယူမည် မဟုတ်ပါ။
၄။ အတန်းနှင့် သင်တန်းချိန် (က) မိဘများအနေဖြင့် Placement Test Result အရ ကျောင်းသားများအတွက် အတည်ပြုရွေးချယ် ထားသည့် အတန်းအမျိုးအစား (Class Type)၊ အတန်း (Grade) နှင့် အချိန် (Session) အတိုင်းသာ တက်ရောက်ရမည် ဖြစ်ပါသည်။ အတန်းအား ပြန်လည်ပြောင်းရွှေ့ပေးမည် မဟုတ်ပါ။ (ခ) စာသင်ချိန်တစ်ချိန်တွင်
သတ်မှတ်ထားသော အဖွဲ့အလိုက် သင်ကြားရမည်ဖြစ်သောကြောင့် သင်တန်းချိန် မစမီ ကျောင်းသို့
လိုအပ်သည့်ပစ္စည်းများ (စာအုပ်နှင့် စာရေးကိရိယာ)နှင့်အတူ အချိန်မီရောက်ရှိရန် လိုအပ်
ပါသည်။ (ဂ) မိဘများအနေဖြင့်
မိမိတို့ စိတ်ကြိုက်ရွေးချယ်ထားသော သင်တန်းချိန်အတွင်းသာ မိမိတို့၏ ရင်သွေးငယ် များကို
လာရောက်ပို့ဆောင်ပေးပါရန်နှင့် ကျောင်းကြိုချိန်ကိုလည်း သင်တန်းပြီးဆုံးချိန် (၁၀)မိနစ်ထက်ပို၍
နောက်မကျစေဘဲ လာကြိုပေးရမည် ဖြစ်ပါသည်။ (ဃ) သင်တန်းပထမဦးဆုံးရက်တွင်
သင်တန်းအမှီရောက်မလာသော ကျောင်းသားများကို Student Affairs Department မှ ဆက်သွယ်ပေးမည်ဖြစ်ပြီး
ကျန်ရက်များကို ကျောင်းဘက်က သတိပေးဆက်သွယ်ပေးမည် မဟုတ်ပါ။
၅။ ကျောင်းအပ်လက်ခံခြင်းနှင့် သင်တန်းကြေး (က) School
Management System Application (SMS App)ဖြင့် သင်တန်းအပ်ချိန်တွင် ကျောင်းလခ ပေးသွင်း
ခြင်းလုပ်ငန်းစဉ်ကို ပြီးဆုံးအောင်လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းစဉ် မပြီးဆုံးပါက
မိမိ ရွေးချယ်ထားသော အတန်းချိန်အတိုင်း တက်ရောက်ခွင့်ကို ဆုံးရှုံးမည် ဖြစ်ပါသည်။ (ခ) T & H နဲ့
မသက်ဆိုင်သော Bank Account များဖြင့် သင်တန်းကြေး မှားလွှဲမိခြင်းများ ရှိခဲ့ပါက T
& H Maths Centre ဘက်မှ တာဝန်ယူ ဖြေရှင်းပေးနိုင်မည် မဟုတ်သောကြောင့် T &
H SMS Application ဖြင့်သာ သင်တန်းကြေး ပေးသွင်းကြရပါမည်။ (ဂ) သင်တန်းကို
ဆက်လက်တက်ရောက်ခြင်းမပြုနိုင်ပါက ကြိုတင်ပေးသွင်းထားသော သင်တန်းကြေးကို ပြန်လည်ထုတ်ပေးခြင်း၊
အခြားကျောင်းသားဖြင့် အစားထိုးပေးခြင်း၊ အခြားအတန်း/Batch များအတွက် အစားထိုးပေးခြင်း
ပြုလုပ်ပေးမည် မဟုတ်ပါ။
၆။ လေ့ကျင့်ခန်းစာအုပ်ထုတ်ပေးခြင်း၊
လေ့ကျင့်ခြင်း (က) သင်ကြားရေးစာအုပ်များကို
ကျောင်းသား/သူများ သင်တန်းစသင်သည့်နေ့တွင် မိမိတို့ တက်ရောက်မည့် သက်ဆိုင်ရာ ကျောင်းခွဲများတွင် (ခ) ကျောင်းမှ ထုတ်ဝေပေးထားသော
လေ့ကျင့်ခန်းစာအုပ်များ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး/ ပျောက်ဆုံး သွားပါက အတန်း (ဂ) သင်ကြားသွားသော
လေ့ကျင့်ခန်းများနှင့် အတန်းပိုင်ဆရာမမှ ပေးသော အိမ်စာများကို Learning Management
System (LMS)တွင်
၇။ ခွင့်တိုင်ကြားခြင်း (က) အကြောင်းအမျိုးအမျိုးကြောင့်
သင်တန်းချိန် မတက်ရောက်နိုင်သော ကျောင်းသားများနှင့် သင်တန်းချိန်အမီ မတက်ရောက်နိုင်ပဲ
နောက်ကျ
(ခ) သင်တန်းမတက်ရောက်နိုင်သော
ကျောင်းသားများသည် မိမိတက်ရောက်နေသော သက်ဆိုင်ရာ ကျောင်းခွဲ တွင် ခွင့်တိုင်ကြားမှသာ
သင်ခန်း
၈။ Learning
Management System (LMS) ဖြင့် Assessment ဖြေဆိုခြင်း (က) Learning Management
System (LMS) ဖြင့် Assessment ဖြေဆိုခြင်းကို Internet အဆင်သင့် အသုံးပြုရန် Assessment
ဖြေဆိုရာ (ခ) သတ်မှတ်စာသင်ကာလတစ်ခုစီတွင်
Assessment များကို ဖြေဆိုအောင်မြင်မှသာ အတန်းပြီးဆုံးကြောင်း လက်မှတ်ရရှိမည်ဖြစ်ပြီး
မဖြေဆို (ဂ) Assessment
တစ်ခု ဖြေဆိုပြီးသည့်အချိန်တိုင်း Report Card (Softcopy)များကို မိမိ၏ LMS
Account တွင် Download ရယူနိုင်ပါသည်။ Grade တစ်ခုသို့ တက်ရောက် ခွင့်ပြုမည် မဟုတ်ဘဲ လက်ရှိ တက်ရောက် နေသော Grade ကိုသာ ပြန်လည်တက် ရောက် ပေးရမည် ဖြစ်သည်။ ၉။ ကားရပ်နားခြင်းနှင့် ကျောင်းကြိုပို့ခြင်း (က)။ T & H
Maths Centre ကျောင်းခွဲတိုင်းတွင် Car Parking နေရာအခက်အခဲရှိသောကြောင့် မိဘများ အနေဖြင့်
ကားကြာရှည်စွာရပ်နားခြင်း၊ (ခ)။ ကျောင်းသား/သူများအား
သင်တန်းချိန်အမီ ပို့ဆောင်ပေးခြင်း၊ အချိန်တိကျစွာ လာရောက်ကြိုဆိုပေးခြင်း ပြုလုပ်ပေးရန်
လိုအပ်ပါသည်။ အထက်ဖော်ပြပါ အချက်များကို သိရှိလိုက်နာနိုင်မှသာလျှင်
T & H Maths Centre ၏ သင်ကြားမှု စနစ်အတိုင်း ဆက်လက်တက်ရောက်သင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်း
လေးစားစွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
*** အထက်ပါစည်းကမ်းချက်များကို
လိုအပ်သည်ဟု ကျောင်းဘက်မှ သုံးသပ်တွေ့ရှိရပါက အချက်အလက်များ အားလုံးကိုဖြစ်စေ၊
တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပြင်ဆင်ဖြည့်စွက်သတ်မှတ်သွားမည် ဖြစ်သည်။ အခါအား လျော်စွာ
ထုတ်ပြန်သော စည်းကမ်းချက်များကို မိဘများနှင့် ကျောင်းသား/သူများအားလုံး မပျက်မကွက်
လိုက်နာပေးရပါမည်။
Management Team T & H Maths Centre |
Powered By MSIS